Monday, December 20, 2010

ဒုတိယအကြိမ်မြောက် မလေးရှားရှမ်းခရစ္စမတ်ပွဲတော်


ဒုတိယအကြိမ်မြောက် မလေးရှားရှမ်းခရစ္စမတ်ပွဲတော်ကို မလေးရှားနိုင်ငံရှမ်းဒုက္ခသည်များဆိုင်ရာအဖွဲ.နှင်. မလေးရှားရှမ်းခရစ်ယာန် မိတ်သဟာယတို.ပူးပေါင်းပြီး ၁၉.၁၂.၂၀၁၀ ရက်နေ.တွင် မြန်မာတိုင်းရင်းသားညွန်.ပေါင်းရုံးခန်း၌ ညနေ ၅း၃၀ မှ ၉း၀၀ အထိ ကျင်းပခဲ.ပါသည်။ ထိုအခမ်းအနားတွင် ဒုက္ခသည်များဆိုင်ရာ အဖွဲ.အစည်းရုံးမှ အမှုဆောင်များ၊ ဖိတ်ကြားထားသောဧည်.သည်တော်များ၊ ရှမ်းခရစ်ယာန်များနှင်. မွန်လူမျိုးတို.ပါ အသီးသီးတက် ရောက်လာခဲ.ကြပါသည်။
အခမ်းအနားအား သဘာပတိ ဆရာစိုင်းတင်မောင်ထွေးမှ ဦးစွာဆုတောင်းဆက်ကပ်ပြီး ဆရာမနားဗို၏ ချီးမွမ်းဝတ်ပြုခြင်း သီချင်းများသီဆိုချီးမွမ်းပြီး အစပြုခဲ.ပါသည်။ ထို.နောက် ရှမ်းဒုက္ခသည်များဆိုင်ရာရုံးမှ ဥက္ကဌစိုင်းကျော်နှင်. ဒု-ဥက္ကဌစိုင်းခမ်းနွံတို.က တက်ရောက်လာသူတို.အား ကြိုဆိုနှုတ်ခွန်းဆက်စကားများ ပြောကြားခဲ.ပါသည်။ ထိုင်းနိုင်ငံမှရောက်ရှိလာသော ဆရာဒေးဗစ်မဟာဝန်း သည်လည်း အထူးဆုတောင်းပေးခဲ.ပါသည်။ ဆရာဆမျူရယ်လုံးမှ ၀မ်းသာဝမ်းသာစရာ ခရစ္စမတ်သတင်းကောင်းကိုဟောကြားခဲ.ပါသည်။ အစည်းအဝေးပြီးဆုံးသွားသောအခါ ရှမ်းရိုးရာအစားအစာများဖြင်. ဧည်.ခံကျွှေးမွေးခဲ.ပြီး ခရစ္စမတ်လက်ဆောင်များကိုလည်း ပေးအပ်ခဲ.ပါသည်။ တက်ရောက်သူပေါင်း (၈၀)ဦးခန်.ရှိမည်ဖြစ်ပါသည်။

No comments:

Post a Comment