Monday, September 13, 2010

ဆရာဒေးဗစ်မဟာဝန်း၏တ၇ားဟောချက်အကျဉ်း (၁၂.၉.၂၀၁၀)


ကျွှန်တော်တို.ဘ၀အသက်တာမှာ ဘုရားသခင်ဟာ မဟာအကြံအစည်တော်ရှိပါတယ်။ ကျွှန်တော်တို.သည် မည်သည်. ရှမ်းပြည်နယ်မှ လာသောသူဖြစ်ပါစေ၊ ကျွှန်တော်တို.ရဲ. ရိုးရာ၊ လှုပ်ရှားခဲ.မှု၊ အစားအစာစသည်များကို မေ.ပစ်ဖို.ရန် မဖြစ်နိုင်ပါ။ ကျွှန်တော်တို.သည် တချိန်က စားသုံးခဲ.ဖူး၊ အတူတကွသုံးဆောင်ခဲ.သောအစားအစားများအားဖြင့် မိတ်ဆွေဖွဲ.နိုင်၊ အတူတကွ ပြန်လည်ပြီး စည်းလုံးနိုင်ပါသည်။ တချိန်ကပြုလုပ်ခဲ.သမျှသည် ကျွှန်တော်တို.နှလုံးသားထဲ၌ ဆက်လက်တည်ရှိနေမည်ဖြစ်ပါသည်။ ယနေ.ကျွှန်တော်တို.အတူတကွ ဘုရားသခင်၏နှုတ်ကပါတ်တော်ကို နာကြားခဲ.သမျှကိုလည်း မေ့ပစ်လို.ရမည်မဟုတ်ပါ။
ဘုရားသခင်၏နှုတ်ကပါတ်တော်သည်လည်း ကျွှနှုပ်တို.အတွက် အမှန်တကယ်ပင် အရေးကြီးပါသည်။ နှုတ်ကပါတ်ဖွင်.ပြရန်အတွက်ဘုရားသခင်ထဲသို. နေ.စဉ်နှင့်ဆုတောင်းသော်လည်း ကျွှနှ်ုပ်တို.အနေဖြင်. ဆာငတ်တောင်.တမှု မရှိခဲ.သော် ကျွှနှ်ုပ်တို.၏ ၀ိညာဉ်ရေးရာသည် ကြီးထွါးလာမည်မဟုတ်ပါ။ ဘုရားသခင်အား ရိုးရိုးယုံကြည်သောသူနှင့် ယုံကြည်ကိုးစားသောသူ လုံးမတူညီမှုမရှိပါ။ ရိုးရိုးယုံကြည်ခြင်းဆိုသည်မှာ သူတပါးထံမှ ပြသမှု၊ လက်တွေ.မြင်ရမှသာ ယုံကြည်ခြင်းမျိုးဖြစ်ပါသည်။ ယုံကြည်ကိုးစားခြင်းသည် တမူထူးခြားပါသည်။ ဘုရားသခင်အား ကျွှနှ်ုပ်တို.မမြင်ရသော်လည်း ကျွှနှ်ုပ်တို.သည် ယုံကြည်ကိုးစားပါသည်။ ဥပမာအားဖြင်. မိဘနှင်.သားသမီးများကြားထားရှိသော ယုံကြည်မှုမျိုး၊ ဆက်နွယ်မှုမျိုးဖြစ်ရပါသည်။ ထို.ကြောင်. ကျွှနှ်ုပ်တို.သည် အဖဘုရားသခင်အား ကျွှနှ်ုပ်တို.၏အဘ ဟု ခေါ်ဝေါ်ကြပါသည်။ ဘုရားသခင်သည် ကျွှနှ်ုပ်တို.အား ခန္ဒာပိုင်းဆိုင်ရာသာမက ၀ိညာဉ်ပိုင်းဆိုင်ရာပါ ကောင်းကြီးမင်္ဂလာရရှိစေလိုပါသည်။ ဘုရားသခင်နှင့်လျှောက်လှမ်းပါက ကျွှနှ်ုပ်တို.သည် ယုံကြည်ခြင်းအမှန်တကယ်ပင်လိုအပ်ပါသည်။ ယုံကြည်ကိုးစားခြင်းရှိမှသာလျှင် ကျွှနှ်ုပ်တို.သည် ကောင်းကြီးမင်္ဂလာကို ရရှိခံစားနိုင်ပါသည်။ ယုံကြည်ကိုးစားခြင်းမရှိပါက တိုးတက်ကြီးထွါးလာမည်မဟုတ်ပါ။ ယုံကြည်ခြင်းရှိလာစေရန်အတွက် ဘုရားသခင်၏တရားစကားကို ကြားနာဖို.ရန် လိုအပ်ပါသည်။ သို.မှသာ ယုံကြည်ခြင်းတိုးပွါးလာမည်ဖြစ်ပါသည်။

No comments:

Post a Comment