Tuesday, September 28, 2010

MSCF သည် ပူချုန်းရှိရှမ်းခရစ်ယာန်တို.အားပထမဆုံးအကြိမ် သွားရောက်မိတ်သဟာယဖွဲ.ခြင်း


၂၆.၀၉.၂၀၁၀ ရက်နေ.တွင် ကွာလာလမ်ပူမြို.နှင်.အနည်းငယ်ဝေးကွာသော ပူချုန်းမြို.ရှိရှမ်းခရစ်ယာန်များနှင်. အခြားမယုံကြည်သေးသူများတို.အား စုစည်းပြီး မိတ်သဟာယအစီအစဉ်တစ်ခုကို ပြုလုပ်ခဲ.ပါသည်။ ဆရာဒေးဗစ်မဟာဝန်း နှင်.မိသားစုကို ဖိတ်ကြားခဲ.ပါသည်။ ပထမဦးစွာ တစ်ဦးနှင်.တစ်ဦး မိတ်ဆက်ခြင်းအစီအစဉ် ပြုလုပ်ပြီးနောက် ဆရာဒေးဗစ်မဟာဝန်းသည် သူ၏ယခင်က ဘုရားသခင်အားမသိရှိသေးသော ဘ၀အခြေအနေနှင်. ဘုရားသခင်အားသိရှိပြီး နောက်ပိုင်းဘ၀အ ခြေအနေတို.ကို နှိုင်းယှဉ်ဖေါ်ပြခဲ.ပါသည်။ ဘုရားသခင်အား ဆာငတ်သောနှလုံးသားနဲ. ရှာဖွေရမည်ဖြစ်ကြောင်း ဟောပြောခဲ.ပါသည်။
ပထမဆုံးလူပြုလုပ်သောအရာတို.အား နောက်လူတို.သည် လိုက်လုပ်တတ်ကြပါသည်။ ကောင်းကြီးမင်္ဂလာခံစားရခြင်းဆိုသည်မှာ ကျွှန်တော်တို.လုပ်လိုသောအရာကို ပြုလုပ်ခွင်.ရခြင်း၊ ရယူလိုသောအရာကို ရရှိခြင်းပင်ဖြစ်ပါသည်။ ပထမဦးဆုံး အိပ်ယာမှထလာသောအချိန်တွင်ပင် ကောင်းသောစိတ်ထားများဖြင်. အရာအားလုံးကို အကောင်းနဲ.ရင်ဆိုင်မည်ဟု ဆုံးဖြတ်ထားရပါမည်။ ထိုကဲ.သို ကောင်းသောစိတ်ထားကိုရရှိနိုင်စေရန်အတွက် ကျွှန်တော်တို.သည် မနက်မိုးလင်းအချိန်မှ မိုးချုပ်သည်.တိုင်အောင် ကြိုးစားတိုက်လှန်ယူရပါမည်။ကျွှန်တော်တို.သည် ဘုရားသခင်.ထံမှ ကောင်းကြီးမင်္ဂလာကို ခံစားရပြီးဆိုပါက သူတပါးအားတိုးတက်အောင် ပြည်လည်ကူညီလုပ်ဆောင်ပေးရမည်ဟူသောစိတ်ထားများထားရှိရပါမည်။ ဤအရာသည် ကျွှနှ်ုပ်တို.ဘ၀အသက်တာ၌ ရည်ရွယ်ချက်ပန်းတိုင် ကဲ.သို.ထားရှိရပါမည်။ ကျွှနှ်ုပ်တို.၏ ရည်ရွယ်ချက်ပန်းတိုင်နှင်. လုပ်ဆောင်လိုသောအရာများ မှန်ကန်ပါက ဘုရားသခင်သည် ကျွှနှ်ုပ်တို.ရောက်လိုရာပန်းတိုင်သို. အမြန်ဆုံးရောက်ရှိစေဖို.အလို.ငှါ ဘုရားသခင်သည် မစကူညီပါလိမ်.မည်။ အကယ်၍ မမှန်ကန်ပါက ပန်းတိုင်ရောက်ရှိဖို.အတွက် မလွယ်ကူပါ။ ကျွှနှ်ုပ်တို.သည် ဘ၀ပညာကို တက္ကသိုလ်၌ သင်ကြားနိုင်သော်လည်း ဥာဏ်ပညာအမျှော်အမြင်ကိုကား ဘုရားသခင်ထံမှတောင်းခံရပါမည်။ ဥာဏ်ပညာအမျှော်အမြင်ကို တောင်းခံပြီးဆိုပါက ရရှိဖို.ရန်အတွက် နည်းလမ်းကို ရှာဖွေရပါမည်။
ဘုရားသခင်သည် ကျွှနှ်ုပ်တို.ဘ၀၌ တည်ရှိနေပါက ကျွှနှ်ုပ်တို.၏ဘ၀ရည်ရွယ် ချက်ပန်းတိုင်ကို ရရှိနိုင်ပါသည်။ တခါတရံ ဘုရားသခင်သည် ကျွှန်တော်တို. မမြင်နိုင်သော နည်းလမ်းများနှင်. မျှော်လင်.မထားသော အရာများဖြင်. စုံစမ်းတတ်ပါသည်။ ပထမဆုံးအချိန်တွင် ဘုရားသခင်သည် ကျွှနှ်ုပ်တို.ဘ၀အတွက် မည်သည်.အရာကို ပြုလုပ်ပေးမည်ကို ရှင်းရှင်းလင်းလင်းပြသပေးမည်မဟုတ်ပါ။ မိဘများသည်သားသမီးများအတွက် လိုရာသုံးနိုင်ဖို. ငွေကို ဘဏ်အကောင်.များထဲ၌ သိမ်းထားပေးသကဲ.သို. ဘုရားသခင်သည်ကျွှန်တော်တို.အတွက် ကောင်းသောအရာကို သူ.သားသမီးများအတွက် အမြဲပြင်ဆင်ထားပါသည်။ ဘဏ်မှငွေအားထုတ်ယူလိုပါက ATM သုံးပြီးရယူလိုသကဲ.သို. ကောင်းကြီးမင်္ဂလာများအားလုံးကို ရယူပိုင်ဆိုင်နိုင်ဖို.ရန်အတွက် ယေရှုခရစ်တော်ကို ရရှိပိုင်ဆိုင်ထားဖို.ရန်အတွက်လိုအပ်ပါသည်။ ကျွှနှ်ုပ်တို.လိုအပ်သမျှအရာ အားလုံးပေးပြီးဖြစ်ကြောင်း ကျမ်းစာထဲတွင်ရေးသားထားပါသည်။ ကျွှနှ်ုပ်တို.သည် သခင်ယေရှုခရစ်တော်ကို ရရှိပိုင်ဆိုင်ထားခြင်းမရှိပါကမည်သည်. ချမ်းသာသောနိုင်ငံတွင်နေသည်ဖြစ်ပါစေ ယခင်က ဆုတ်ယုတ်သော ဘ၀မျိုးကဲ.သို. ဆက်လက်ဖြစ်နေရပါဦးမည်။ ဘုရားသခင်နှင်.ကျွှနှ်ုပ်တို.အတူရှိနေပါက ဘုရားသခင်သည် ကျွှနှ်ုပ်တို.ယခင်က မကြံစည်စဖူး၊ မတွေးစဖူးသော အရာများဖြစ်ပေါ်ရရှိလာစေရန်အတွက် ဘုရားသခင်သည် ပြုလုပ်ပေးနိုင်ပါသည်။ ဘုရားသခင်အားသိရှိခြင်းသည် ကျွှနှ်ုပ်တို.အားလုံးအတွက်အမှန်တကယ်ပင် အရေးပါလှပါသည်။ ကျွှနှ်ုပ်တို.အတူတကွစုံတွေ.ရသောအခွင်.သည်လည်း ဘုရားသခင်၏အကြံအစည်တော်ပင်ဖြစ်ပါသည်။ ဘုရားသခင်ကို သိရှိသောအချိန်အစောပိုင်းတွင် ကျွှနှ်ုပ်တို.၏နယ်နိမိတ်သည် ကျဉ်းမြောင်းသည်ဟု ခံစားရပါသော်လည်း နောင်တစ်ချိန်တွင် တဖြည်းဖြည်းကျယ်ပြန်.လာဖို.ရှိပါသည်။
ဆရာဒေးဗစ်မဟာဝန်းဟောပြောဝေငှပြီးနောက် ဆရာမဖေါ်လာမဟာဝန်းသည်လည်း တိုက်တွန်းခွန်အားပေးစကားများကို အနည်းငယ်ပြောကြားခဲ.ပါသည်။ ထို.နောက်တွင်ရောက်ရှိလာကြသော မဟာဝန်းမိသားစုအားလုံးက ရှမ်းတေးသီချင်းတစ်ပုဒ်ဖြင်. သီဆိုချီးပေးခဲ.ပါသည်။ အိမ်ရှင်နန်းစိုးစိုးဖြူမိသားစု၊ စောစတီဗင် မိသားစု တို.ကလည်း မြန်မာအစားအစာဖြစ်သော မုန်.ဟင်းခါးကို ကျွှေးမွှေးဧည်.ခံခဲ.ပါသည်။ ညနေ (၄) နာရီတွင် အချိန်တွင်လည်း စိုင်းထွန်းနှင်. စိုင်းအောင်အောင်တို.၏ ဦးဆောင်လမ်းပြမှုဖြင်. CWC (Christ Word Centre) ရှိ ဆရာမ Grace ဦးဆောင်သော မြန်မာမိတ်သဟာယအစီစဉ်သို. ဆရာဒေးဗစ်မဟာဝန်းနှင်.မိသားစုအား ပို.ဆောင်ပြီး ပါဝင်ပြီးတိုက်တွန်း ခွန်အားပေးစကားများ ပြောကြားခဲ.ကြောင်းလည်းသိရှိရပါသည်။

No comments:

Post a Comment