Sunday, October 3, 2010

သိက္ခာတော်ရဆရာမရစ်လဆိုင်း၏ ကမ္ဘာ့ပွဲတော်နေ. တရားဟောချက်အကျဉ်း (၃.၁၀.၂၀၁၀)


နိုင်ငံ၊ အဖွဲ.အစည်းခေါင်းဆောင်များသည် ဘုရားသခင်ပေး ထားတဲ. ဘုန်းတန်ခိုးရရှိခြင်းဖြစ်ပါသည်။ ကျွှနှ်ုပ်တို.၏ ခရီးပန်းတိုင်သည် တတိယနိုင်ငံတစ်ခုထဲမဟုတ်ဘဲ ကောင်းကင်နိုင်ငံပင်ဖြစ်သည်။ ကျွှနှ်ုပ်တို.ဘ၀အသက်တာမှာ တခြားအရာများထက် မိမိနှလုံး သားကို ပြုပြင်ပြောင်းလဲဖို.ရန်လိုအပ်ပါသည်။ ဘုရားသခင်၏ ကျေးဇူးတော်ဆိုသည်မှာ မိမိတို.၏ကြိုးစားခြင်းကြောင်. ရရှိလာခြင်းမျိုးမဟုတ်ပါ။
ကျွှနှ်ုပ်တို.အနေဖြင်. ရှင်းလင်းတဲ.သဘော၊ စိတ်နှလုံးဖြူစင်ဖြင်းသဘောများရှိရပါမည်။ ထို.အခါ ငါဟာ ဘာမှမဟုတ်ပါဘူး ဆိုသော နှိမ့်ချသော စိတ်ဖြင်. ပွဲတော်မင်္ဂလာကို ၀င်စားနိုင်မည်။ လွန်ခဲ.သောအချိန်တွင် ခရစ်တော်သည် မုန်.ကိုဖဲ.ခဲ.ခြင်းဖြင်. လူပေါင်းငါးထောင်ကျော်ကို စားခဲ.ရသကဲ.သို. ယခုခေတ်ကာလတွင် အသင်းတော်ချိုးဖဲ.ခြင်းခံခြင်းအားဖြင်. လူသန်းပေါင်းမြောက်များစွာတို. ဧ၀ံဂေလိတရား ကြားနာရပါမည်။ ကျွှနှ်ုပ်တို.တစ်ဦးချင်း၏ ချိုးဖဲ.ခြင်းလုံးဝလိုအပ်ပါသည်။ သူတစ်ပါး၏အပြစ်အားချည်နှောင်ထားသောသူသည် ခရစ်ယာန်မဟုတ်ပါ။ သူတစ်ပါးအားခွင်.လွတ်ရပါမည်။
ဘုရားသခင်သည် ကျွှနှ်ုပ်တို.အား ရွှေလင်းယုန်ငှက်ကဲ.သို. ဖြစ်ရန်နှင်. ကြီးထွားရန် အလိုတော်ရှိပါသည်။ ခရစ်တော်နှင်. ကျွှနှ်ုပ်တို.သည် အသက်တာနီးလေလေ ကျွှနှ်ုပ်တို.အချင်းချင်း သင်.မြတ်မှု၊ ညီညွတ်မှုရှိလေလေဖြစ်မည်။ ကျွှနှ်ုပ်တို. အသက်တာသည် မည်သည်.အရာတွင်မဆို ဘုရားသခင်အား ကိုးစားရန်လိုအပ်ပါသည်။ ဘုရားသခင်၏ကျေးဇူးတော်ကြောင်. အရာရာပြောင်းလဲစေနိုင်ပါသည်။ ဘုရားသခင်နှင်.နီးလေလေ ငါဟာ ဘာမှ မဟုတ်ဘူး ဟုသိလာလေလေ ဖြစ်ပါမည်။
ခရစ်တော်သည် ကျွှနှ်ုပ်တို.အတွက်အသေခံပေးသကဲ.သို. ကျွှနှ်ုပ်တို.အတွက် အသက်ရှင်ပေးခဲ.ပါသည်။ ထို.ကြောင်. ဘုရားသခင်အပေါ်တွင် အပေါ်ယံသဘောမျှသာ မထားရန်လိုအပ်ပါသည်။ ခရစ်ယာန်ဆိုသည်မှာ လေတိုက်ရာလွင်.တတ်သော ရွက်လှေကဲ.သို.မဖြစ်သင်.ပါ။ ကျွှနှ်ုပ်တို.ခံစားရမယ်. အရာတွေအတွက် ယေရှုခရစ်တော်သည် ကိုယ်စားချိုးဖဲ.ခြင်းခံခဲ.ပါသည်။ ဘုရားသခင်က ကျွှနှ်ုပ်တို.ကို အံ့သြစရာ ကောင်းကြီးမင်္ဂလာချပေးနိုင်ပါသည်။ သာသနာပြုခြင်း၏ ကောင်းကြီးမင်္ဂလာသည် အလွန်ပင်အံ့သြစရာကောင်းပါသည်။ သုညဘ၀ဖြစ်နေလျှင်ပင် ဘုရားသခင်က ချီးမြောက်နိုင်ပါသည်။ ကျွှနှ်ုပ်တို.၏ ဘ၀ပန်းတိုင်သည် ကောင်းကင်နိုင်ငံဖြစ်သည်။ ထို.ကြောင်.ကောင်းကင်အိမ်အတွက် ကြိုးစားတည်ဆောက်ရမည်။ လောကတွင် ဘုရားသခင်သည် အရာခပ်သိမ်းကို ဖန်ဆင်းထားပြီး လူသားတို.အား ဖန်တီးနိုင်သောဥာဏ်ပညာကိုပေးပါသည်။ သို.သော်လောကီတပ်မက်ခြင်းသည် ကောင်းကင်နိုင်ငံ နှင်.ပတ်သက်မှုမရှိပါ။ သူတစ်ပါး၏အပြစ်မလွှတ်ခြင်းသည် ကောင်းကြီးမင်္ဂလာတံခါးကို ပိတ်စေပါသည်။

No comments:

Post a Comment