Sunday, October 10, 2010

ဆရာနော်ဆန်း၏တရားဟောချက်အကျဉ်း (၁၀.၁၀.၂၀၁၀)


ဆာလံ ၃၃း၁၂ သူနှင်.မိတ်သဟာယဖွဲ.ရန် ဘုရားသခင်သည် အမြဲတမ်းအလိုတော်ရှိပါသည်။ ဘုရားသခင်နှင်.ရှေ.ရှေ. ကြည်.ရှုဆက်ကပ်ပါမှ ကောင်းကြီးမင်္ဂလာများ၊ အမွေဥစ္စာများရရှိလာပါမည်။ ယောဘ ၂၂း၂၁ ပျော်ရွှင်မှု၊ ငြိမ်သက်မှုများ၊ ဘုရားရှင်၏ မျက်နာသာပေးခြင်းစသည်တို.ကို ခံရပါမည်။ ဘုရားသခင်နှင်.အချိန်ယူပါက ဘုရားသခင်သည် အံ.သြဖွယ်ကောင်းကြီးမင်္ဂလာကိုချပေးပါမည်။ ဘုရားသခင်နှင်.အကျွှမ်းဝင်ဖို.သည် အလွန်ပင်အရေးကြီးပါသည်။ ဘုရားနှင်. ဝေးဝေးနေသောသူသည် ပျက်စီးခြင်းသို.ရောက်သွားမည်ဖြစ်ကြောင်း ကျမ်းစာထဲတွင်ဖေါ်ပြထားပါသည်။ ဆာလံ ၇၃း၂၅ ဘုရားသခင်ရရှိထားသော အသက်တာသည် လောကထဲတွင် ရှိရှိသမျှသော ပစ္စည်းများပိုင်ဆိုင်ထားသကဲ.သို.ခံစားရပါသည်။ ဘုရားသခင်သည် အရာခပ်သိမ်းကို ဖန်ဆင်းထားသောကြောင်.ဖြစ်ပါသည်။ ဘုရားနှင်. အချိန်ယူပါက အကျွှမ်းဝင်ခြင်းတစ်မျိုးပင်ဖြစ်ပါသည်။ ထိုအခါ ဘုရားသခင်သည် ၀မ်းနည်းခြင်းနှင်.မရောနှောသော ကောင်းကြီးမင်္ဂလာများကို ချပေးပါမည်။ အကျွှမ်းဝင်ခြင်းဖြင်. ဘုရားသခင်သည် ကျွှနှ်ုပ်တို.အား ချီးမြောက်ပါလိမ်.မည်။ ဆုတောင်းခြင်း၊ ကျမ်းစာဖတ်ခြင်း၊ ချီးမွမ်းခြင်းနှင်. ၀တ်ပြုကိုးကွယ်ခြင်းဖြင်. ဘုရားသခင်နှင်. နီးကပ်စွာ အသက်ရှင်ရပါမည်။ ကျွှနှ်ုပ်တို.ရောက်ရှိလေရာ အရပ်မှာ ဘုရားသခင်နှင်. မိတ်ဖွဲ.ခြင်းအားဖြင်. ဘုရားသခင်သည် ကျွှနှ်ုပ်တို.အား ကောင်းကြီးမင်္ဂလာများကို ချပေးနိုင်ပါသည်။

No comments:

Post a Comment