Sunday, October 17, 2010

ဆရာကျော်ကျော်၏ တရားဟောချက်အကျဉ်း (၁၇.၁၀.၂၀၁၀)


ပင်လယ်ပြင်ကိုဖြတ်ကျော်လာသောအခါ အစ္စရေးလူမျိုးများအား ဘုရားသခင်သည် အံ.သြဖွယ်ရာ ပြင်ဆင်ပေးပြီး ကောင်းကြီးပေးခဲ.သည်။ အဲဂုတ္တုပြည်မှ ဥစ္စစည်းစိမ်များနဲ. ထွက်ခွါသွားရသော်လည်း ထိုကောင်းကြီးများအားဖြင်. ဘုရားသခင်အား အစ္စရေးလူမျိုးများသည် မေ.လျော.သကဲ.သို. ကျွှနှ်ုပ်တို.လည်း မဖြင်.သင်.ပါ။ ခရစ်ယာန်အတော်များများသည် ကယ်တင်ခြင်းရရှိပြီးသော်လည်း ခရစ်ယာန် အသက်တာလျှောက်လှမ်းသောအခါ အမျိုးမျိုးသော အခက်အခဲ ကြုံတွေ.ရနိုင်ပါသည်။ ထို.ကြောင်. ဘုရားသခင် အတူပါရှိခြင်းသည် အလွန်ပင်အရေးကြီးပါသည်။
ရှေ.တွင် ကောင်းကြီးမင်္ဂလာရှိနေကြောင်း သိရှိသော်လည်း ဘုရားသခင်အားဦးထိပ်မထားဘဲ လျှောက်လှမ်းရှာဖွေသောအခါ ဘ၀ဟာ ၀မ်းမြောက်ခြင်းဖြင်. အသုံးမသတ်နိုင်ပါ။ ထိုကောင်းကြီးမင်္ဂလာထက် ထိုအရာအားလုံးကို ပိုင်ဆိုင်သော ဘုရားရှင်၏အတူပါရှိခြင်းဟာ အလွန်ပင်အရေးကြီးပါသည်။ စည်းစိမ်ကို ကိုးစားမည်.အစား အသက်ရှင်တဲ.ဘုရား အတူပါရှိခြင်းက သာ၍အရေးကြီးပါသည်။ ဘေးပတ်ဝန်းကျင်မှာ အခက်အခဲရှိနေသော်လည်း စစ်မှန်သော ငြိမ်သက်ခြင်းကို ယေရှုခရစ်တော်က ပေးနိုင်ပါသည်။ ဆုံးရှုံးခြင်းထဲက အောင်မြင်ခြင်းကိုပင် ထပ်၍ပေးမည်။ အောင်မြင်နေသော်လည်း ဘုရားသခင်အတူပါရှိခြင်းမရှိခဲ.ပါက ထိုအောင်မြင်ခြင်းသည် ရေလျှည်မတည်မြဲနိုင်ပါ။ ထို.ကြောင်. ဘုရားသခင်အား ဖိတ်ခေါ်ပြီး အတူတူသွားလာခြင်းကသာ ဘ၀မှာ အောင်မြင်ခြင်းရရှိစေပါမည်။

No comments:

Post a Comment