Sunday, October 24, 2010

ဆရာမကြည်ကြည်ခိုင် (သို.) ) Kelli Keenan ၏ တရားဟောချက်အကျဉ်း (၂၄.၁၀.၂၀၁၀)


(ရှင်လုကာခရစ်ဝင် အခန်းကြီး ၁၅) ကျွှနှ်ုပ်တို.ဟာ အပြစ်လုပ်သောအခါတွင် ပျောက်သောသူကဲ.သို.ဖြစ်လာသည်။ ထို.ကြောင်. ဘုရားသခင်သည် ပျောက်သောသူများကို လိုက်ရှာပြီးကယ်တင်သည်။ ဘုရားသခင်သည် ကျွှနှ်ုပ်တို.ကို လိုက်ရှာရပါသည်။ အပြစ်သားတစ်ယောက် နောင်တရလာသောအခါ ကောင်းကင်နိုင်ငံတွင် ၀မ်းမြောက်ခြင်းရှိပါသည်။ သိုး ၉၉ ကောင်ကို ထားခဲ.ပြီး ပျောက်သောသိုးတစ်ကောင်အား လိုက်ရှာခဲ.ခြင်းနှင်. အကြွေစေ. ၉ စေ.အနက် ပျောက်သွားသော တစ်စေ့အားလိုက်ရှာခြင်းများကဲ.သို. အပြစ်ကြောင်.လမ်းမှားပြီးပျောက်နေသောအပြစ်သားများကို ဘုရားသခင် လိုက်ရှာသည်။
အဖေထံမှ ရစရာအမွှေများကို တောင်းယူပြီး အဝေးကို ထွက်သွားစဉ်တွင် အပြစ်ထဲသို.ကျရောက်မည်ဖြစ်ကြောင်းကို မသိသောသားငယ်ကဲ.သို. ကျွှနှ်ုပ်တို.သည်လည်း အစပထမအကြိမ်၌ အပြစ်ထဲသိုကျရောက်ပြီး ပျောက်ဆုံးမည်ကို သိရှိကြမည်မဟုတ်ပါ။ အဖေဖြစ်သူသည် သားငယ်ပျောက်ဆုံးသောနေရာကို လိုက်လံပြီး မရှာဖွေသော်လည်း သားငယ်ပြန်လာမည်.လမ်းအား အမြဲတစေ ကြည်.ရှုနေသည်။ ထိုကဲ.သို.ပင် ဘုရားသခင်သည် အပြစ်ထဲသို. ကျရောက်ပြီးပျောက်ဆုံးနေသောသူများအား လိုက်လံပြီးအတင်းအဓမ္မ နောင်တရစေမည်မဟုတ်ပါ။ နောင်တရလာသော သားငယ်အား အဖေဖြစ်သူက ၀မ်းသာအားရ ကြိုဆိုခဲ.သကဲ.သို. ဘုရားသခင်သည် အပြစ်ကို နောင်တရပြီးပြန်လာသော အပြစ်သားများကို ကြိုဆိုနေပါသည်။ သို.သော်လည်း မိမိမှားယွင်းခဲ.မိသောအပြစ်များကို ၀န်ချတောင်းပန်ရပါမည်။ ၁ ယော ၁း၈-၉ ၊ အပြစ်လွှတ်ခြင်းကို ရရှိနိုင်ဖို.ရန်အတွက် ကျွှနှ်ုပ်တို.၏ အပြစ်များကို ၀န်ချတောင်းပန်ရပါမည်။
အပြစ်များကို ၀န်ချတောင်းပန်ပြီးသောအခါတွင် ဘုရားသခင်သည် ကျွှနှ်ုပ်တို.၏အပြစ်များကို ချက်ချင်းခွင်.လွှတ်ပါသည်။ ဘုရားသခင်သည် ကျွှနှ်ုပ်တို.အပေါ်၌ အမြဲတစေ စိတ်ရှည်စွာဖြင်. စောင်.နေပြီး အပြစ်ကိုနောင်တရပြီး ပြန်လာသောအပြစ်သားများကို ကြိုဆိုနေပါသည်။ ထိုအခါတွင် စာတန်မာရ်နတ်သည် နောင်တရသော်လည်း ဘုရားသခင်က ကျွှနှ်ုပ်တို.၏ အပြစ်များကို ခွင်.လွှတ်ပေးမည်မဟုတ်ကြောင်း ပြောနေမည်ဖြစ်သည်။ မဿဲ ၂၁း၂၈-၃၁ ၊ အပြစ်မှနောင်တရသောသူများအတွက် လက်တွေ.ဆန်သော ပြုပြင်ပြောင်းလဲမှုများပြုလုပ်ရပါမည်။ မည်ကဲ.သို.သော အပြစ်ထဲကျရောက်စေကာမူ ၊ ဘုရားသခင်ထံတော်သို. အပြစ်များကို ၀န်ချတောင်းပန်ပြီးသောအခါတွင် မလွဲမသွေ ပြုပြင်ပြောင်းလဲရပါမည်။ ယခင်ကလုပ်နေကျ မကောင်းသောအလုပ်များကို ချက်ချင်းရပ်တန်.ရပါမည်။ ထို.ကြောင်.သန်.ရှင်းသော ၀ိညာဉ်တော်၏ ကူညီမစခြင်း အမှန်တကယ်ပင်လိုအပ်ပါသည်။

No comments:

Post a Comment